အင်တယ်လ် အိုင်တီသူဌေးကြီး ဘီလ်ဂိတ်
ခင်ဗျားသာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့ရင် အဲဒါ ခင်ဗျား အမှား မဟုတ်ဘူးဗျ။
ဒါပေမဲ့ ချို့ ချို့ တဲ့တဲ့နဲ့ သေသွားရင်တော့ ခင်ဗျား အပြစ်ပဲနော်။
သူတော်စင် ၀ိဝေကနန္ဒ
တကယ်လို့ နေ့တစ်နေ့အတွင်းမှာ ပြဿနာ တစုံတရာကို သင်မကြုံခဲ့ရသေးဘူး ဆိုရင် သင် လမ်းမှားပေါ် လျှောက် နေပြီဆိုတာ သိပ်သေချာနေပြီ။
ပြဇာတ်ဥသျှောင် ၀ီလျှံ ရှိတ်စပီးယား
အောင်ပွဲရဖို့ဆိုတာ အကြောင်းသုံးချက်ပြည့်စုံရတ
- တခြားသူတွေထက် ပိုသိရမယ်
- တခြားသူတွေထက် ပို ကြိုးစားရမယ်
- အဲ… တခြားသူတွေလောက်တော့ အလှမ်းမကျယ်စေနဲ့။
နာဇီစစ်အာဏာရှင် အဒေါ့ဖ် ဟစ်တလာ
စစ်တိုက်လို့ နိုင်နေသမျှ မင်းရှင်းပြစရာ မလိုဘူးကွ။ အေး-----စစ်ရှုံးလာပြီ ဆိုရင်လည်း ဘာကြောင့်ဆိုတာ ရှင်းပြဖို့ မင်း အသက် မရှင်နဲ့တော့။
အလန် စထရိုက်
ကမ္ဘာပေါ်က ဘယ်သူနဲ့ဖြစ်ဖြစ် သင့်ကိုယ်နဲ့ မနှိုင်းမိပါစေနဲ့။ တကယ်လို့ နှိုင်းယှဉ်မိလိုက်ရင်တော့ သင့်ကိုယ်သင် စော်ကားလိုက်တာပဲ။
ကရုဏာရှင် မာသာထရီဇာ
မြင်နေရတဲ့ တို့ရှေ့ ကလူတွေကို တို့များတတွေ မချစ်နိုင်သေးသမျှ မမြင်ဖူးသေးတဲ့ အဖဘုရားသခင်ကို ကြည်ညိုနိုင် ပါ့မလား ကလေးတို့ရယ်။
စကိတ် ချန်ပီယံ ဘော်နီ ဘလဲရ်
အနိုင်ရတယ်ဆိုတာ တကယ်ဆိုတော့ ပြိုင်ပွဲမှာ ပထမရတာ မဟုတ်ဘူးရှင့်။ အရင်တုန်းကထက် ပိုကောင်းတာကို ရှင်တို့ ကျွန်မတို့ လုပ်နိုင်လိုက်တာပါဘဲ။
တီထွင်ပညာရှင် သောမတ်စ် အက်ဒီဆင်
အကြိမ် တစ်ထောင်လုံး ကြိုးစားတာ် မအောင်မြင်ဘူးလို့ ကျုပ်တော့ မပြောဘူး။ ရှုံးနိမ့်စေနိုင်တဲ့ အကြောင်းရင်းပေါင်း တစ်ထောင်ကို ကျုပ်တွေ့ရှိလိုက်ပြီလို့ဘဲ
ဂန္တ၀င် စာရေးဆရာကြီး လီယိုတော် စတွိုင်း
လူတွေက ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲဖို့ ကြိုးစားနေကြတာ၊ ကိုယ့်ကိုကိုယ် ပြုပြင်ဖို့တော့ တစ်ယောက်မှ မစဉ်းစားကြဘူး။
အမေရိကန် သမ္မတကြီး အေဗရာဟင် လင်ကွန်း
လူတိုင်းကို အယုံလွယ်တာ အန္တရာယ်များတယ်ဗျ။ အဲ တစ်ယောက်ကိုမှ မယုံရင်တော့ သိပ်ကို အန္တရာယ် ရှိနေပြီ။
ရူပဗေဒ ပညာကျော် အဲလ်ဘတ် အိုင်စတိုင်း
တကယ်လို့များ ဘ၀တစ်လျှောက်လုံး အမှားတစ်ခုမှ မပြုဖူးဘူးလို့ ထင်ထားခဲ့ရင် ဘာတစ်ခုကိုမှ ဆန်းသစ်ဖန်တီးဖူးတာ မရှိဘူးလို့ မှတ်ပါလေ။
မင်းသားကြီး ချားလ်စ်
ဘ၀မှာ ကျင့်ဝတ်လေးဖြာကိုတော့ မချိုးဖောက်မိစေနဲ့ - ယုံကြည်မှု၊ ကတိ၊ ခင်မင်ခြင်းနဲ့ နှလုံးသားတို့ပဲ။ ချိုးဖောက်မိရင် တော့ အသံမကျယ်ပေမဲ့ နာကျင်မှုဆိုတာ အထွတ်အထိပ်ရောက်လိမ့်မယ်။
ဖရန်ကလင်
ယနေ့လုပ်ရန် လုပ်ငန်းကို ယနေ့အပြီးလုပ်ပါ။မနက်ဖြန်တွ
ရှိတ်စပီးယား
အချိန်ကိုငါက ဖြုန်း၏ သို့အတွက် အချိန်က ယခု ငါ့ကို ဖြန်၏
နပိုလီယံ
မဖြစ်နိုင်ဟူသော စကားသည် လူမိုက်တို့သာ သုံးစွဲသော စကားဖြစ်သည်ဂျာဝါရှင်တန်
ချွေတာခြင်းမရှိပါဘဲလျက် မည်သည့်အခါမှ မချမ်းသာနိုင်။
ဘေကန်
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာံ နေရလိုပါက မိမိ ၀င်ငွေ တစ်ဝက်ကိုသာ သုံးစားရပေမည်။
ချားလစ်ဘတ်ခ်တန်
သင် သည်တစ်ခုခု လုပ်ဖို့ အချိန်ဘယ်တော့မှ ရှာရမည်မဟုတ် သင်အချိန်ရလိုလျှင် အချိန်ကိုလုပ်ရမည်။
ဟင်နရီဖိုဒ်
ကျရှုံးတာ မအောင်မြင်တာ တွေကို
ပြန်ပြောမနေနဲ့ ခေါင်းထဲမှာလည်း ရေးကြီးခွင်ကျယ် လုပ်ပြီး ထည့်မထားနဲ့
အားလုံးကိုမေ့လိုက် ခုရှိနေတဲ့ နေရာကနေ ဆက်လုပ် ပါ။
အလောင်းမင်းတရားကြီး
ယောက်ျားကောင်းတို့မည်သည်မှ
ဒ်ါနယ်ကင်ဒဲလ်
ဘ၀ခရီးလမ်း ကိုဖြတ်သန်းရာမှာ
အမှားတစ်ခုမှ မလုပ်ဘူး သူဟာ နောက်ထပ် ထိုက်တန်တဲ့ဆုလဒ် ကိုရဖို့
မကြိုးစားတတ်တော့ပါဘူး။ကာလိုင်လီ
မာကျောလှတဲ့ကျောက်တုံးဟာ ပျော့ညံသူများအဖို့ အတားအဆီးဖြစ်သော်လည်း စိတ်ဓာတ်ခိုင်မာသူများအတွက်
No comments:
Post a Comment